အသိပညာပေးခြင်းဆောင်ရွက်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဆောင်၍ ညောင်ဦးခရိုင်သာသနာရေးဦးစီးဌာန၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ဘုရား(၁၇)ဆူမှ ဂေါပကအဖွဲ့ဝင်များနှင့် ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူများကို ဖိတ်ကြား၍ အမှတ်တရပစ္စည်းရောင်းချလျက်ရှိသည့် ဈေးဆိုင်အချို့၏ ဘုရားပုံတော်များကို မြေပြင်တွင် ဖြန့်ခင်းရောင်းချခြင်း အဂါရဝအပြုအမူအပေါ် အဂါရဝမဖြစ်စေရေး ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပေးရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပါသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ အရာထမ်း၊ အမှုထမ်းများမှ ဘုရားများတွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူများကို လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပေးရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပါသည်။